Friday, October 21, 2011

စေတန်အချစ်


သင် အချစ်နဲ့ လွတ်ကင်းသွားတဲ့အခါမှာ........
ပူပန်မှုတစ်ခုတော့ရလိမ့်မယ်...........။
ပူပန်မှုက တဆင့်.... သင်အေးချမ်းသွားလိမ့်မယ်.....။

သင်အချစ်နဲ့ လွတ်ကင်းသွားတဲ့အခါမှာ....
စိတ်ရှုပ်ထွေးမှု တစ်ခု ရလိမ့်မယ်........။
အဲသည်တဆင့်...လွတ်လပ်မှုတစ်ခုရသွားမယ်..
ဘာနဲ့မှ မတူတဲ့ လွတ်လပ်မှုမျိုး...။

အချစ်နဲ့ ရှုပ်ထွေးမှု ဒဏ်ကို သင်ခံစားရပီးတဲ့အခါမှာ...
အပြီးတိုင် မစွန့်လွှတ်နိုင်ရင်တောင်....
တော်တော်ကြာကြာ စွန့်လွှတ်လိုက်ပါ....။
သင်အေးချမ်းမှု တစ်ခုရလိမ့်မယ်.........။
ပူလောင်တဲ့ ခံစားမှုတွေမရှိတဲ့ အေးချမ်းမှု....။.


အချစ်ရဲ့ ချုပ်ချယ်မှု
အချစ်ရဲ့ စွပ်စွဲမှု
အချစ်ရဲ့ ပူလောင်မှု
အချစ်ရဲ့ မယုံကြည့်မှု
အချစ်ရဲ့ မုန်းတီးမှု
အချစ်ရဲ့ မွန်းကြပ်မှု ဒဏ်တွေ
အများကြီး အများကြီး..........

အချစ်ဆီက ရမှာနဲ့ သင်မတန်ပါဘူး
 အချစ်နဲ့ တခဏတာလောက်
အဝေးထွက်သွားကြည့်ပါလား.........

***********
အောင်မိုးသူ

No comments:

Post a Comment