Monday, May 7, 2012

ပပျောက်ပါစေ ချစ်သူ.....

မှောင်နေတဲ့လမ်းတွေမှာ ထွန်းညှိဖို့.......
မီးအိမ်တစ်ခုအဖြစ်တည်ရှိမယ်............။

ချစ်သူ..............
ငါဆိုတဲ့ မီးအိမ်နဲ့
အလင်းတန်းတွေ ထွန်းညှိလိုက်စမ်းပါ။

ကြွေလွင့်ခြင်းနောက်မှာ....
ဒဏ်ရာတွေကပြည့်နှက်နေဦးမှာပဲ ချစ်သူ...။

အားမငယ်နဲ့
ငါ့လက်မောင်းတစ်စုံကို မင်းဆုပ်ကိုင်လိုက်စမ်းပါ။



နောက်ဆုံးတော့ကွာ...
တဆစ်ဆစ်ကြွေနေတဲ့ နှလုံးသားကြားမှာ
အချစ်တွေကို ရှာမနေပါနဲ့တော့
အချစ်မရှိမှ ကြွေကျတာမဟုတ်ဘူး
အချစ်ရှိလည်း ကြွေကျတတ်တဲ့နှလုံးသးတွေ
အများကြီးပါချစ်သူ....။

ချစ်သူ........
ငါရယ် မင်းရယ်...မင်းရယ် ငါရယ်.....
ဆုံခဲ့တဲ့ကံကြမ္မာကိုပဲ အပြစ်တင်မလား
အမာရွတ်တွေ အထပ်ထပ်ဖြစ်နေတဲ့
နှလုံးသားကို အမာရွတ်ထပ်ပေးမိနေတယ်။


နောက်ကျတဲ့အချိန်တွေကို မနှမြောတော့ဘူးချစ်သူ...
နောက်လာမယ့်အချိန်မှာ...
မင်းဘေးမှာ ငါရှိနေပါရစေ....
ဘယ်လိုခြေအနေမျိုးဖြစ်ဖြစ်ပေါ့....။

သေချာတာတစ်ခုက
ငါနဲ့မင်း...ရယ် မင်းရယ်..ငါရယ်ကြားထဲမှာ
နံရံတစ်ခုက ခြားနေတယ်...ချစ်သူ။

တစ်ရက်...ရက်.. တစ်နေ့...နေ့...
ခြားနေတဲ့နံရံ...တွေ ဖြတ်ကျော်ရင်း...
ငါတို့ကြားက အခက်အခဲ ပပျောက်ပါစေချစ်သူ....။

xxxxxxxxxxxxxxxxx

အောင်မိုးသူ (စူးရှ)
၂နာရီ ၁၅မိနစ်
မေလ ၅ရက် ၂၀၁၂ခုနှစ်

No comments:

Post a Comment