Monday, July 30, 2012

ငါရေမချိုးရသေးတာ သုံးရက်ကျော်ပြီ


ကိုယ့်ကိုယ့်ကို မှန်ရှေ့ရပ်လို့ ပြန်ကြည့်မိတယ်။
ငါတော်တော်အိုစာသွားတယ်
မှန်ထဲက မြင်နေရတဲ့အရိပ် ငါ့အရိပ်လား (အဲဒါငါ့အရိပ်လား)
အားးးးးး မဖြစ်နိုင်ဘူး ဒါ...မဖြစ်နိုင်ဘူး။
မှန်ရှေ့မှာ အတော်အတန်ကြာ စဉ်းစားမိတယ်
မဖြစ်နိုင်တာတွေ (မဖြစ်သင့်တာတွေ) ဖြစ်နေတဲ့ ဒီလောကကြီး...
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
မှန်ထဲက အရိပ်က ငါ့အရိပ်ဖြစ်မှာပါ (သေချာပါတယ်)။

ငါ့ပတ်ဝန်းကျင်မှာ အနံ့အသက်မကောင်းဘူး
ယင်လောင်းတွေနဲ့ အညှီတစ်စို့စို့
အော့အန်တော့မယ်ဆဲဆဲ ငါ့ကိုယ်ငါပြန်ကြည့်မိတယ်
ငါရေမချိုးရသေးတာ သုံးရက်ကျော်ပြီ။

************

အောင်မိုးသူ (စူးရှ)
30.7.2012

No comments:

Post a Comment