ဘတ်(စ်)ကားပေါ်တွင် ထိုင်နေရင်း.... အလုပ်အပြန်မြို့ထဲမှ ၀ယ်လာသော... ကိတ်မုန့်ထုတ်လေးများကို ကြည့်ရ်ျ ကျွန်တော်ပြုံးလိုက်သည်။ ထိုအပြုံးအား မချိပြုံး ၊ ၀မ်းသာသောအပြုံး ၊ ပျော်ရွှင်သောအပြုံး ၊ ပီတိအပြုံး ၊ လှောင်ပြုံး အပြုံးအမျိုးမျိုးရှိသည့်အထဲမှ မည်သည့်အပြုံးအမျိုးအစား ဆိုတာကို ကျွန်တော်ကိုယ်တိုင်တောင် မခွဲခြားနိုင်သေးပေ.....။
ကျွန်တော်အလုပ်မှပြန်လာတိုင်း... အိမ်သို့ရောက်ရန် လမ်းမကြီးတစ်ခုကို ဖြတ်ရစမြဲဖြစ်သည်။ ကျွန်တော်၏ အိမ်ကလေးသည် ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ လမ်းသွယ်လေးတစ်ခုထဲတွင်တည်ရှိသည်။ ဘတ်(စ်)ကားမှတ်တိုင်မှဆင်းဆင်းချင်း... ရပ်ကွက်အတွင်းရှိ လမ်းမကြီးအားဖြတ်ရ်ျ... လမ်းသွယ်လေးထဲသို့ လမ်းလျှောက်ပြီးမှ ကျွန်တော်၏အိမ်ကလေးထဲသို့ ရောက်သည်။ ၀န်ထမ်းအားလုံး၏ အိမ်ပြန်ချိန်သည် ညနေခင်းနေရောင်နှင့်အတူ အိမ်ပြန်ရသည်မှာ.. အရသာတစ်မျိုးပင်ဖြစ်သည်..။
အိမ်သို့အပြန်လမ်းမကြီးပေါ်သို့လျှောက်ရာတွင်... လယ်ကွင်းတစ်ခုကိုကျွန်တော်ဖြတ်ရသည်..။ ထိုလယ်ကွင်းကြီးသည် ကျွန်တော်ငယ်ငယ်တုန်းက စပါးများစိုက်သည်ကိုမြင်ဖူးသည်။ မီးတာမြေဟုဆိုသော်လည်း အခုတော့... အိမ်ငှားမနေနိုင်သောသူများ တဲသာသာအိမ်များကို ဆောက်ထားရင် မိသားစုအလိုက်နေထိုင်ကြသည်။
“ဟဲ့... မဲလုံး ၊ ဗိုက်ပေါက်..... ၊ ၀က်မ ၊ အပိန်မ... နင်တို့.. ကလေးတွေကို ကြည့်ထားဦးလေ... ကားတွေ ၊ စက်ဘီးတွေနဲ့ သည်လောက်ရှုပ်နေတာကိုး... ကလေးတွေက ပြေးလွှားနေတာပဲ...”
အလုပ်မှအိမ်သို့အပြန် လမ်းမကြီးပေါ်တွင် ပြေးလွှားနေသော ကလေးများအား.... လမ်းမဘေးရှိ ရေဘုံဘိုင်တွင် အ၀တ်လျှောက်နေသော မိန်းမကြီးမှအော်ပြောလိုက်ခြင်းဖြစ်သည်..။ ထိုမိန်းမကြီး၏ အသံကြောင့် ကျွန်တော်မျက်လုံးများ ထိုကလေးများထံသို့ရောက်သွားသည်။ ထိုကလေးအုပ်စုသည် အနည်းဆု (၇)ယောက်မက ရှိမည်ထင်သည်။ ကလေးအားလုံး မည်းမည်းလေးတွေချည်းဖြစ်သည်...။ မတ်တပ်ရပ်ပြေးတတ်ခါစ ကလေး(၃)ယောက်ပါလေသည်။ ကျန်သောကလေးများသည် ကျွန်တော့်အထင် (10)နှစ်... (12)နှစ်.... (9)နှစ် လောက်ရှိမည်ထင်သည်...။ မတ်တပ်ရပ်ပြေးတတ်ခါစ ကလေးသုံးယောက်၏ ကိုယ်ပေါ်တွင် အ၀တ်အစားတစ်ခုမှ မပါဝင်ချေ။ သူတို့ကို ထိန်းနေသော ကလေး(၃-၄)ယောက်ထံတွင်လည်း တစ်ယောက်က အကျီ င်္ ပါလျှင် ဘောင်းဘီမပါချေ.. ဘောင်းဘီပါသောသူက အကျီ င်္ မပါချေ..။ ဆံပင်များသည်လည်း အနက်ရောင်မှ နီကြောင်ကြောင်အရောင်းသို့ ပြောင်းနေသည်။ ကျွန်တော့်စိတ်ထဲတွင် “ကလေးမိဘတွေ ဘယ်လိုတွေလဲ” ဟု ရေရွတ်မိလိုက်တော့သည်..။
*** *** *** ***
“ဟူး.............”
လူချောင်တဲ့ဘတ်(စ်)ကားစောင့်နေရသည်နှင့် အိမ်ပြန်ချိန်တောင်တော်တော် နောက်ကျနေပြီ။ အလုပ်ပြန်ချိန် နေ၀င်ရီသရော်အရောင်လေးတောင် သိပ်မမြင်ရတော့ချေ။
“ဘုတ်.....”
မှောင်ရီေ၀၀ါးထဲမှာမှ ကလေးတွေက လမ်းမကြီးပေါ်တွင် တော်တော်အဆော့တန်သည်။ ကလေးတစ်ယောက် ကျွန်တော့်ကိုဝင်တိုက်ရ်ျ ဖင်ထိုင်ရက်ကျသွားသည်ကို ကျွန်တော်ကြည့်လိုက်သောအခါ...
“ဟင်....”
“ဗိုက်ပေါက် ... ဗိုက်ပေါက်.... ဘာဖြစ်သွားလဲ..”
အသားရောင်က မည်းပါသည်ဆိုမှ မျက်နှာက ချေးအထပ်ထပ်နှင့်ကောင်မလေးက လာရ်ျထူလေသည်။ ကလေးလေးမှာ ဘာမှမနာသည့်ပုံနှင့် ကျွန်တော့်ကိုသာကြည့်နေသည်။ ကလေးလေး နာမည်ဗိုက်ပေါက်ဟုဆိုမှ ကျွန်တော် ကလေးဗိုက်ကိုကြည့်မိသည်.... ချက်နားတွင် အနာဖြစ်ပြီး အသားပိုဖြစ်နေသည့်ပုံစံဖြစ်နေသည်။ အခြားအသားမည်းမည်းနှင့် ကိုယ်လုံးတီး ကလေး (3-4)ယောက်ကလည်း ငိုတဲ့သူငို ဗိုက်ဆာတယ်အော်တဲ့ ကလေးကအော်နှင့် ဆူညံနေတော့သည်။ ဒီနေ့လည်း ကျွန်တော့်စိတ်ထဲ ထပ်ရေရွတ်မိပြန်သေးတယ်...
“သည်ကလေးမိဘတွေ ဘယ်ရောက်နေလဲ...” အကြီးဆုံးဖြစ်ဟန်တူတဲ့ ကောင်မလေးကို အိမ်ကတူမလေးဖို့ ၀ယ်လာတဲ့ ပေါင်မုန့်ထုတ်လေးပဲထုတ်ပေးလိုက်သည်..။
“ရော့...ရော့...နင့်မောင်လေးတွေ ကျွေးလိုက်....ဒါနဲ့ နင့်နာမည်ဘယ်သူ...” ကျွန်တော်လည်း စပ်စပ်စုစု မေးလိုက်မိသေးသည်..။
“အပိန်မပါ ကိုကြီး......”
နာမည်နဲ့လူကတော့ လိုက်သည်ဟု ကျွန်တော်ထင်သည်..။ ပိန်ပိန်မည်းမည်းခြောက်ခြောက်နှင့် သည်ကလေးတွေ ကျောင်းရောတက်ရဲ့လားမသိပေ...။ သူတို့မိတွေရော သည်လောက်များတဲ့ကလေးကို ဘယ်လိုကျောင်းထားပေးမလဲမသိပေ...။ ဘာမဆိုင် ညာမဆိုင်နှင့် ကျွန်တော်ဝင်ပူမိလိုက်သေးသည်။ ကျွန်တော်ပေးလိုက်သောမုန့်အား.... ကလေး(၆-၇)ယောက် ၀ိုင်းစားနေကြသည်ကို ကြည့်ပြီး ကြည်နူးမိသေးသည်။
*** *** *** ***
ရုံးပိတ်ရက်မို့ ဘယ်မှမသွားဘဲ အိမ်မှာပဲ အေးအေးဆေးဇာတ်လမ်းခွေများထိုင်ကြည့်ဖို့ ကျွန်တော် စိတ်ကူးနေတုန်း... အိမ်သာကျင်းအသစ်တူးမည်ဆိုရ်ျ... အိမ်သာကျင်းတူးသမားကို စောင့်ရဦးမည်။ အိမ်ကလူများတော့ ပိတ်ရက်ဘုရားသွားမည်ဆိုရ်ျ ထွက်သွားကြရ်ျ အိမ်တွင်တစ်ယောက်မှ မရျိတော့ချေ။
အိမ်တွင်ထိုင်ရ်ျ အိမ်သာကျင်းတူသမားကိုသာ စောင့်ရန်ရှိတော့သည်။ နေ့လည်းပိုင်းရောက်သောအခါ... အသားမည်းပြောင်ပြောင် ကိုယ်လုံးတောင့်တောင့်ယောက်ျားတစ်ယောက်နှင့် ပိန်ပိန်အသားမွဲခြောက်ခြောက် မိန်းမတစ်ယောက်ရောက်လာသည်။
“ညီလေး...အိမ်သာကျင်းတူးဖို့ခေါ်ထားလို့....”
“အော်...ဟုတ်ပါတယ်ခင်ဗျာ...လာပါ..ခင်ဗျ...”
“အပိန်မလာ......”
မိန်းမဖြစ်သူက “အပိန်မ” ဆိုသည့်စကားကိုခေါ်လိုက်မှ ကျွန်တော်ထိုလင်မယားအား နောက်ပြန်လှည့် ကြည့်မိလိုက်၏။ ကျွန်တော်အိမ်အပြန် လမ်းကြီးပေါ်က အကြီးဆုံးတစ်ယောက်ပဲ ဒါဆို ဒီလင်မယားရဲ့ သားသမီးတွေပေါ့.... သေသေချာချာကြည့်မိတော့မှ အသားအရောင်တွေက ချွတ်စွတ်ပဲ...။ အသားရောင် ညိုညစ်ညစ်ပေါ်မှာမှ နေလာင်တာတွေ ထပ်ဖြည့်ထားတော့ အနက်ရောင်ကိုပြောင်လို့။ ကောင်မလေးကိုမြင်မှပဲ ဒီလင်မယားအပေါ်နည်းနည်းမကြည်မလင် ကျွန်တော်ဖြစ်မိသေးသည်..။
*** *** *** ***
“သမီး....နင်... ဗိုက်ပေါက်တို့....မည်းလုံးတို့ကို သေချာထားခဲ့ရဲ့လား.....”
အဖေဖြစ်သူက အိမ်သျာကင်းတူး အမေဖြစ်သူက မြေကြီးတွေဆယ်ရင်း သူ့သမီးကို မေးနေ၏။
“ထားခဲ့ပါတယ် အဖေရ....”
ကောင်မလေးကတော့ သူ့အဖေလိုသမျှ ပေါက်တူး ၊ ဂေါ်ပြားတွေ လှမ်းလှမ်းယူပေးနေသည်။ ကျွန်တော်လည်း... ထိုလင်မယား အလုပ်လုပ်နေပုံကို ကြည့်နေမိသည်။ အပေါ်ဗလာဖြင့် နေရာင်အောင် မည်းနေသော အသားရောင် ချွေးများဖြင့် ပြောင်လက်နေသည်...။ တောင်တော်ကြံ့ခိုင်သည့်လူဟု သတ်မှတ်မိသည်....။ ကျင်းတစ်ကျင်းအား (2-3)နာရီသာ တူးလိုက်ရသည် ပြီးသွားလေသည်..။ ကျသင့်သော ငွေငါးထောင်ကို ကျွန်တော်ပေးပြီးသည်နှင့် လင်မယားနှစ်ယောက်စလုံး ကောင်မလေးနှင့်အတူ ပြန်သွားကြလေတော့သည်...။
ညဘက် အမေလက်ဖက်ရည်သောက်ချင်သည်ဆိုရ်ျ လမ်းကြီးဘက်လက်ဖက်ရည်ဆိုင်သို့ ကျွန်တော် လက်ဖက်ရည်ထွက်ဝယ်ဖို့ထွက်လာစဉ်.... ပလိုင်းကိုယ်စီနှင့်... “အပိန်မ” တို့မောင်နှမတစ်စု နှင့် သူ့အမေဖြစ်သူ ပလိုင်းကိုယ်စီနှင့် အိမ်ရှေ့မြောင်းထဲတွင်.... ပလိုင်းများ လိုက်မြုပ်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်..။ ကလေးတွေကတော့ မြင်နေကြအတိုင်း အ၀တ်ဗလာနှင့်ပင် တော်တော်လည်း ခံနိုင်ရည်ရှိသည့်ကလေးတွေဟု မှတ်ချက်ချမိသည်..။
*** *** *** ***
ရုံးပိတ်ရက်ပြီးတော့လည်း ရုံးမသွားချင်ပျင်းနေမိသည်...။ ရုံးမသွားခင် ကားဂိတ်နားမှ ထမင်းကြော် ၀င်စားနေကျဖြစ်ရ်ျ... ထမင်းကြော်ဆိုင်တွင်ထိုင်ရ်ျ ထမင်းကြော်စားနေမိသည်။
“ဟော့်.... ရှင်မွေးလွန်းတို့သားအမိလာပြီ....လေ..”
“သူတို့က ကလေးက ဘယ်နှယောက်တောင်လဲအေ....”
“12ယောက်လေ... တစ်ယောက်က သေသွားလို့... ခုတောင် နောက်တစ်ဗိုက်နဲ့... 13မြောက်ပေါ့...”
“တတ်လည်းမတတ်နိုင်ဘဲနဲ့ ကလေးတွေကို မွေးရလား... ”
“အဲလိုသွားမပြောနဲ့ လင်မယားနှစ်ယောက်စလုံး ညည်းကိုရန်တွေ့လိမ့်မယ် သူတို့နဲ့ထိုက်လို့ သူတို့ရတာဆိုပြီး.... ကလေးရရင် ဖျက်ချဖို့ နှစ်ယောက်စလုံးက မပြောကြဘူး....ဒီလိုပဲနေတာကြာလှပေါ့...”
“ဒါဆို အဲသည်လင်မယား ဘာအလုပ်တွေလုပ်လဲ...”
“အို.... အိမ်သာကျင်းတူး ၊ သစ်ပင်ခုတ် ၊ မြောင်းဆယ် ၊ ပလိုင်းထောင်ပြီး ငါးတွေ ငါးရှည့်တွေရောင်း.. အလုပ်ကြမ်း မှန်သမျှ အကုန်လုပ်တယ်... တစ်ပတ်တစ်ခါ သူကလေးတွေကို ထမင်းကြော်လာကျွေးနေကြလေ.... သူတို့မိသားစုရှင်းရင် ငါးထောင်ခြောက်ထောင်လောက်ကျတယ်... ညည်းကြည့်ကြည့်ဦးမိသားစုကိုလည်း...”
ကျွန်တော့်ဝိုင်းနားမှ မိန်းမနှစ်ယောက်ပြောနေသောအသံကြားမှ ကျွန်တော် လမ်းမပေါ်လှမ်းကြည့်မိလိုက်သည်။ “အပိန်မ” တို့မိသားစုပင်ဖြစ်သည် ဆိုက်ကားနှစ်စီးနှင့်အပြည့် ကလေး(၁၁)ယောက် တစ်ယောက်ပေါ်တစ်ယောက်ထပ်ရ်ျ ထိုင်စီးလာကြသည်။ ထုံစံအတိုင်း မိန်းကလေးတွေကတော့ အပေါ်အကျီ င်္ ခပ်စုတ်စုတ်တစ်ထည်သာပါရ်ျယောက်ျားလေးတွေကတော့ အကျီ င်္ ဗလာပင်..။ အကျီ င်္ များ ၀တ်ရောဝတ်ရဲ့လားဟု ကျွန်တော်စိတ်ထဲတွေးနေမိသေးသည်။ ဆိုင်ထဲဝင်လာရ်ျ ထမင်းကြော်စားကား ဆူညံနေတော့သည်..။
ရင်သွေးတစ်ယောက်၏စရိတ်သည် အတော်အတန်ကြီးလွန်းသော ခေတ်ကာလကြီးတွင် အပူအပင်မရှိဘဲ အရပ်လက်သည်နှင့်သာ မွေးသောထိုမိသားစုတွင် ကလေးကိုမလိုချင်ရ်ျ တားဆီးသော အကျင့်မရှိမှန်းသိသောအခါ ကျွန်တော်ပိုရ်ျအံ့သြရပြန်သည်..။ ဘုစုခရုကလေးမှအစ အသက်(10-13)ထိပါဝင်သော မိသားစုသည် ထမင်းကြော်စားပြီးသည်နှင့် ဆိုက်ကားနှစ်စီးဖြင့် ပြန်သွားကြသည်ကို ကျွန်တော်ငေးကြည့်နေမိသည်..။
“နှစ်ယောက်ဆိုတော်ပြီလေ... ဒါကြောင့်နောက်ဆုံးရတဲ့တစ်ယောက်ကိုမလိုချင်လို့...”
“တစ်ယောက်ပဲ တော်ပါပြီဟယ်.... ကလေးစရိတ်မတတ်နိုင်လို့ပါ...” ဟူသော စကားအများအပြား ကြားနေရသော ကျွန်တော်တို့ ဆင်ခြေဖုံးရပ်ကွက်ထဲတွင် ထိုမိသားစုမျိုးလည်း ရှိသေးသည်ကို ကျွန်တော်အံ့သြမိသည်...။ ထိုမိသားစုအကြောင်း စဉ်းစားရင်းပင် မဆီမဆိုင် ကျွန်တော်သက်ပြင်း ချမိလိုက်သည်...။
*** *** *** ***
မလိုချင်ရ်ျ ၊ မတတ်နိုင်ရ်ျ ၊ မလွှဲသာရ်ျ လူ့ဘ၀မရောက်ခဲ့သော ကလေးငယ်များ နှင့် “အပိန်မ”တိုမောင်နှမများသည်.. ဘယ်သူက ပိုမိုကောင်းမည်နည်း ကျွန်တော်မဝေခွဲ မဆုံးဖြတ်တတ်ပါ..။ သို့ပေမယ့် ကျွန်တော်အိမ်အပြန်ညနေတိုင်းတွင် လမ်းမပေါ်တွင် ဖုတ်တလူးလူးနှင့် သူတို့ဘ၀တွင် သူတို့ပျော်ရွှင်နေသော ကိုယ်လုံးတီးကလေးငယ်များတွေ့လျှင်... သူတို့ကံကောင်းပါသည်ဟု ကျွန်တော့်စိတ်ထဲတွေးမိသည်...။

ကျွန်တော်အိမ်အပြန်ညနေခင်း လမ်းကြီးပေါ်တွင် “အပိန်မ”တို့ မောင်နှမတစ်စု ပြေးလွှားနေမည်မှာ အသေချာအပင်....။ ၀ယ်လာသောမုန့်များအား ကလေးတွေကို ဝေမျှကျွေးပေးပြီးသည်နှင့် ကျွန်တော်အိမ်သို့ ပြန်လာခဲ့သည်...။ ရုံးမှပြန်သော ညနေခင်းများသည် ယခင်နှင့်မတူ ရွှေအိုရောင်သန်းနေသည်ဟု ကျွန်တော်ထင်မိသည်... ဒါမှမဟုတ် “အပိန်မ” တို့မောင်နှမများ၏ အဖေနှင့်အမတို့၏ ရွှေအိုရောင်သန်းသော ကျောပြင်ကြာင့်လား ဆိုတာကို................................................။

No comments:
Post a Comment