Sunday, October 23, 2011

မချစ်ခဲ့တာမဟုတ်ဘူး


မချစ်ခဲ့တာမဟုတ်ပါဘူး........
မင်းမသိတာပါ။

မချစ်ခဲ့တာမဟုတ်ပါဘူး.......
မင်းသတိမထားမိတာပါ။

မင်းပေးတဲ့ ဖိနပ်လေးကို
ခုထိ ငါစီးနေတုန်းပဲ..........

သီချင်းဆိုတတ်တဲ့ငါ့ကို..........
မင်းပေးတဲ့ microphone က .......
ခုထိ ငါ့ဆီမှာရှိသေးတယ်............


အေးစက်စက်နေတတ်တဲ့ ငါ့ကို......
ငါက ရက်စက်တယ်တဲ့..
ဒါအစကတည်းက ငါ့ရဲ့ Type ပဲလေ။

မချစ်တော့တာ မဟုတ်ဘူး..
မင်းဂရုမစိုက်မိတာပါ ချစ်သူ။

ငါ့ကိုရက်စက်တယ်ဆိုပြီး....
အရင်လမ်းခွဲသွားတာ မင်းပါ.......
မင်းကိုငါကနားမလည်ဘူးတဲ့....
တကယ်ငါ့ကို နားမလည်တာ မင်းပါ......

ခုတော့ အပြစ်တွေဖို့မနေတော့ဘူး
မင်းပေးတဲ့အမှတ်တရတွေတော့...
ငါသိမ်းထားဆဲပဲ......
မချစ်တော့တာမှမဟုတ်တာ........။

အသည်းကမကွဲပေမယ့်
နည်းနည်းတော့အက်သွားတယ်...
အချိန်က သမားပါပဲ.......
ထိခိုက်မှုဖြစ်ရင်..နှစ်ဦးနှစ်ဖက်စလုံး
အထိနာတာပါပဲ...
မင်းတစ်ယောက်တည်းမဟုတ်ဘူး။

မချစ်ခဲ့တာမဟုတ်ပါဘူး..........
မင်းအရင် လမ်းခွဲသွားတာပါ.........။
 ************
အောင်မိုးသူ

No comments:

Post a Comment