Thursday, October 13, 2011

ပြတ်တောက်သွားသော ကြိုးစများ

ပြတ်သွားခဲ့တဲ့ ကြိုးစတွေအတွက်
ငါပြန်ဆက်ဖို့ မကြိုးစားတော့ဘူး.......။

မကောင်းမကန်း ကြိုးစတစ်ခုအတွက်
အချိန်တွေ မစတေးသင့်တော့ဘူး.......။

ကိုယ့်ကို မငြိတွယ်တဲ့ ကြိုးစတစ်ခုအတွက်
အချိန်ပေးပြီး သံယောဇဉ်မတွယ်တော့ဘူး......။

နောက်တော့မင်းလည်း မင်းအထုံးအဖွဲ့နဲ့မင်း
အဆင်ပြေသွားမှာပါ.....................။

ချည်နှောင်ခဲ့တဲ့ ကြိုးတစ်ခုအတွက်
ပြန်ဖြေဖို့ဆိုတာ မလွယ်တဲ့အရာတစ်ခုပဲလေ....
ဖြေလို့မရတဲ့အဆုံး ဖြတ်ပစ်မှသာရတဲ့ ကြိုးတစ်စအတွက်...
ငါအဲသည်ကြိုးကို  ဖြတ်ပစ်ချင် ဖြတ်ပစ်ရမှာပဲ...။

ငါကြောက်တာ ငါဖြတ်ပြီးမှ
အဲသည်ကြိုးတစ်စက ....
ငါ့ကို ပြန်လာရစ်ပတ်မှာ ကြောက်နေမိတယ်....။
အဲသည်ကျရင် ငါလည်း မသေချာဘူး..............။
ငါ့စိတ်ကို ငါမနိုင်သေးတာပါ............။

ရစ်ပတ်ခဲ့တဲ့.... ပြတ်တောက်ခဲ့တဲ့........
ချည်နှောင်ခဲ့တဲ့.......ကြိုးတွေအတွက်...။
ငါ့ကိုယ်ငါ အပြစ်တွေ......အမုန်းတွေ.....
နောင်တတွေ....ဒဏ်ရာတွေ ပေးမိနေဦးမယ်ထင်တယ်.......။

ပြတ်တောက်သွားသောကြိုးစများအတွက်..........။

**********
အောင်မိုးသူ

No comments:

Post a Comment