Monday, November 14, 2011

မနက်ဖြန်သစ်အတွက်... မျှော်လင့်ချက်


ဟိုး..ဝေးဝေးမှာ ကျန်ခဲ့တဲ့အတိတ်တွေ
ဟောင်းနွမ်းတဲ့ အစုတ်အပြတ်တွေနဲ့
ဘ၀ဟာ ရင်ခုန်စရာမကောင်းဘူး။
ဘယ်အရာမှန်းမသိတဲ့
မှောင်မည်းမည်း အရိပ်တွေဆီကနေ
မနက်ဖြန်ဆိုတာတွေကို
ငါတို့မေ့ထားခဲ့ကြတယ်...။
ရောက်လာမယ့် မနက်ဖြန်တွေကို
တုန်ရီလှိုက်မောရင်း......
မလင်းတလင်းနဲ့ လင်းခဲ့ရတဲ့
နံနက်ခင်းတွေ.....။
ဝိုးတ၀ါးနဲ့ နက်သထက်နက်လာတဲ့
ညဥ့်သန်းခေါင်တွေ.... ဒါတွေ.. ဒါတွေကို
အတိတ်မှာထားခဲ့ချင်ပြီ....။
ဆိုးညစ်တဲ့ အတိတ်ဟောင်းကိုခွာချလို့
နောက်လင်းလက်လာမယ့်....
မနက်ဖြန်တွေကို...
စောင့်မျှော်နေတဲ့...
မလင်းပေမယ့် မမှိန်သေးတဲ့..
မျှော်လင့်ချက်တွေ....။
ငါတို့တွေ...ငါတို့တွေ....
ငါတို့တွေရဲ့.....
မနက်ဖြန်သစ်အတွက် မျှော်လင့်ချက်တွေ....
အတိတ်ဆိုးတွေကို မေ့ထားပြီး....
လင်းလက်လာမယ့် မနက်ဖြန်အတွက်...
မျှော်လင့်ချက်တွေမကုန်သေးပါဘူး......။
******************
စူးရှ (အောင်မိုးသူ)

No comments:

Post a Comment