Friday, December 23, 2011

THE EYE - 1 (horror)



သည်းထိတ်ရင်ဖိုဆိုမှ ကြည့်ချင်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်.... ဇာတ်လမ်းဟောင်းလေးတွေထဲက အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးတွေ ရှာဖွေထားမိတယ်။ သည်ဇာတ်ကားရဲ့မူရင်းဇာတ်လမ်းက တရုတ်နိုင်ငံ ကရိုက်တာပါ... ထိုင်းနဲ့ဖက်စပ်ကားလေးပေါ့...။


ဇာတ်လမ်းအကျဉ်း။  ။ တယောထိုးတဲ့အလုပ်ကိုလုပ်ကိုင်တဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်...။ သူမအတွက် မျက်ကြည်လွှာအလှူရှင်ပေါ်လာတဲ့အခါ.. မျက်စိအလင်းပြန်ရခဲ့တယ်။ မျက်စိအလင်းပြန်ရရချင်းပဲ သူမမှာ ထိတ်လန့်အံ့သြစရာတွေကြုံခဲ့ရတယ်။ မကောင်းဆိုးဝါးတွေမြင်တာတွေ သေမယ့်လူကို ကြိုမြင်တာတွေနဲ့   ပြည့်နှက်နေတဲ့ သူမဘ၀။ နောက်ဆုံး မျက်ကြည်လွှာအလှူရှင်ဟာ ထိုင်းနိုင်ငံ မိန်းကလေးတစ်ယောက်မှန်း သိခဲ့ရတဲ့အခါ...........။ သည်ဇာတ်ကားကို ဟောလိဝုဒ်က ဂျက်ဆီကာအယ်လ်ဘာ နဲ့ ပြန်ရိုက်ထားပါတယ်..။ အရသာအပြည့်အ၀ကတော့ မူရင်းကားကို မမီပါဘူး...။ အလွယ်တကူရှာဖွေလို့ရတဲ့ ဇာတ်ကားကောင်လေးပါ။

စူးရှ

No comments:

Post a Comment