Friday, December 23, 2011

THE EYE-2 (Horror)



နံပါတ်(၁)ကို ကြည့်ဖူးပြီးတဲ့သူတွေတော့ ဒီကားကို ကြည့်ချင်မှာအသေအချာပါပဲ...။ ဒီကားမှာ So Close မှာ သရုပ်ဆောင်နာမည်ကြီး မင်းသမီး သရုပ်ဆောင်ထားတယ်။ အရင်ကားထက် အရသာမလျော့မှာ အသေအချာပဲ။ 

ဇာတ်လမ်းအကျဉ်း။  ။သူမရဲ့ချစ်သူဟာ သူမကိုလမ်းခွဲသွားတဲ့အချိန်မှာ သူမဟာဆောက်တည်ရာမရ ဖြစ်ပြီး ဟိုတယ်လ်တစ်ခုမှာ အိပ်ဆေးသောက်ပြီးသေကြောင်းကြံခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပတ်ဝန်းကျင်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူမဟာ အိပ်ဆေးတွေသောက်ပြီး အသက်မသေခဲ့ပါဘူး။ ဆရာဝန်ပြော ကြားချက်အရ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ စိတ်ကယောင်ချောက်ချားဖြစ်မှုလို့ ပြောလိုက်တဲ့အချိန်မှာ သူမမှာ ကိုယ်ဝန်ရှိမှန်းသိခဲ့ရပါတယ်...။
အဲသည်အချိန်က စပြီးသူမဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ စတင်ပြီး ကြုံလာရပါတယ်....။ ချောက်ချားစရာအဖြစ်အပျက်တွေနဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ဘ၀ ကိုယ်ဝန်ဆောင်တွေနဲ့ မကောင်းဆိုးဝါးတွေ အဖြစ်အပျက်ကို ရိုက်ထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ...။ မှာလိုက်ချင်တာက ဒီကားကို ကိုယ်ဝန်ဆောင်တွေမကြည့်ပါနဲ့...။

စူးရှ

1 comment:

  1. ဇာတ်ကားလေးကောင်းမယ့်ပုံပဲ ၊မကြည့်ရသေးဘူး
    အကိုရေ ၊ ကြည့်လိုက်ဦးမယ်

    ReplyDelete