Sunday, February 5, 2012

အရောင်တွေဆိုးခဲ့တယ်


မမြင်ခဲ့ဘူး ငါ့ဆီမှာစွန်းထင်းနေတဲ့အရောင်တွေကို
ငါထင်တာငါကအဖြူရောင်လေးပါ။
ဒီလိုနဲ့ ငါ့ဘ၀တွေရှေ့ကို တိုးကာတိုးကာ ဆက်ခဲ့တယ်။
တိုးကာ...တိုးကာနဲ့.. ဆိုးတာ..ဆိုးတာတွေကို ငါမမြင်ခဲ့ဘူး။
ရိုးတာ...အ...တာ ပဓာနထား
အားလုံးမှာ အရောင်တွေနဲ့ချည်းပဲလေ။
မှားနေရင် ငါ့ပါးကိုလာရိုက်လှည့်။

ငယ်စဉ်ကတည်းရိုးသားဖြူစင်ခဲ့....
ခုတော့ဘယ်သူဝင်ကာ ဆေးဆိုးလိုက်ပြီလဲ...။
သီချင်းမှာမှားနေတာတွေ အများကြီး...
တကယ်ဆို ကိုယ်ကိုယ်တိုင် ဆိုးနေတဲ့အရောင်တွေကို
ကိုယ်တိုင်မမြင်ကြတဲ့အထဲမှာ...
မင်းကိုယ်တိုင်လည်းပါနေလိမ့်မယ်။

မင်းရော...ငါရော
ပေးခဲ့တဲ့အရောင်တွေကို....
ကိုယ်တိုင်မြင်ချင်မှ မြင်ရလိမ့်မယ်....။
မှိုင်းတွေမိနေတဲ့ အိုးတစ်ခုလို
ငါတို့တွေမှာ စွန်းခဲ့တဲ့အရောင်တွေကို
ငါတို့ကိုယ်တိုင်မမြင်နိုင်တာဆိုးတယ်။


မင်းဘာအရောင်ကြိုက်သလဲလို့...
လောကကြီးကမေးဘူးလား....။
သွားတော့မဖြေနဲ့။
မင်းဖြေလည်း
သူဆိုးချင်တာဆိုးလိုက်တာပဲလေ...။

ကဲကဲ...ဒါတွေထားပါတော့
ငါတို့တွေဆက်ကာ ဆက်ကာ တိုးရင်း။
ဆက်ကာ..ဆက်ကာ... ဆိုးရင်း။
အရောင်တွေတဖြည်းဖြည်းထပ်ခဲ့တယ်...။

အောင်မိုးသူ(စူးရှ)
တနင်္လာ ၊ ဖေဖော်ဝါရီ ၆ရက် ၂၀၁၂။
12း87နေ့လည်။





No comments:

Post a Comment