ငါ့ရင်ဘတ်ထဲကိုဝင်မကြည့်ပါနဲ့
ငါ့အပြုမှုတွေကို မင်းမဝေဖန်ပါနဲ့
ငါလုပ်၇ပ်တွေကို မင်းအသိအမှတ်မပြုပါနဲ့
ရယူချင်းဆိုတဲ့အသိတခုကို..
မင်းနားလည်စေဖို့
ရင်ဘတ်ထဲက ပေးဆပ်ခြင်းတွေ ငါရင်းထားတယ်ဆိုတာကော..
မင်းမသိပါနဲ့..။
ငါ့တွက်နင်ပျော်နေ ရယ်နေခဲ့တိုင်း..
ငါခဏခဏမင်းတွက် ငိုခဲ့ဘူးတယ်ဆိုတာ...
မင်းမမြင်ပါစေနဲ့...
ငါလုပ်ခဲ့သမျှ အရာတွေရဲ့အဓိပ္ပါယ်ကို
မင်းနားမလည်ပါစေနဲ့။
နောက်ဆုံး...
နီးဖို့ကြိုးစားရင်းတိုးလာတက်တဲ့ မင်းအနားကနေ..
ငါတိတ်တိတ်လေးထွက်သွားတာကိုလဲ မင်းမမြင်ပါစေနဲ့..
ချစ်သူ ..အလွမ်းဆိုတာ ခံစားတက်ပြီ..။
နင့်နေတဲ့ ငါ့အသဲတစ်နေရာက
အောင့်သက်သက်ဒဏ်ရာတွေကိုမင်းမျက်စောင်းတစ်ခုနဲ့ ငါခ၀ါချလိုက်ပြီ..
မချစ်လို့တော့ မဟုတ်ဘူး..။
မဖြစ်သင့်လို့ဆိုတာ နားလည်ထားပြီး
မလိုအပ်ဘူးဆိုတာ သေချာတဲ့
မင်းနားလေးက
မကုတ်တော့တဲ့ သံယော ဇဉ်တွေနဲ့
တိတ်တိတ်လေးထွက်သွားခဲ့ပါပေါ့..
တိုးတိုးလေးအော်ခေါ်နေမိတိုင်းမိတိုင်း..
ထပ်ဆုတောင်းချင်ပါသေးတယ်...
မင်းမကြားပါစေနဲ့.....။ ***************************ကျွန်တော်နှင့် ကျွန်တော်ချစ်ခင်ရသောသူတစ်ယောက် ရေးသားထားသော ကဗျာလေးတစ်ပုဒ်အား ပြပါသည်။
No comments:
Post a Comment