Tuesday, March 6, 2012

ကံကိုတော့ ယိုးမယ်မဖွဲ့ချင်


နံနက်ခင်းရဲ့ နေရောင်ခြည်က ကျွန်မရဲ့အခန်းပြတင်းပေါက်ကနေတဆင့် ကုတင်ပေါ်ကို ကျရောက်လာသည်။ နေရောင်မြင်မှပဲ မိုးလင်းနေပြီဆိုတာ ကျွန်မသိလိုက်ရ၏။ မနေ့ညက အရေးကြီးသော ပွဲတစ်ပွဲရှိရ်ျ အိမ်ပြန်နောက်ကျသောကြောင့် အိပ်ယာထနောက်ကျလေသည်။ နာရီကိုကြည့်လိုက်တော့ နံနက်(၉)နာရီတောင်ကျော်နေပြီ။ ဒီအချိန်ဆို သူ့ဆိုင်တွင် လူအများအပြားရောက်နေတော့မည်။
ဆိုင်သို့မသွားခင် မျက်နှာသစ် သွားတိုက်ရ်ျ ဘုရားအရင်ရှိခိုးလိုက်သည်..။ ဆိုင်သွားမည် ဆိုကတည်းက ဘာမှ မဖီးလိမ်းမပြင်ဆင်လို့မရ…. မှန်တင်ခုံရှေ့တွင် အကျအနထိုင်ရ်ျ ပြင်ဆင်လိုက်သည်။ ပါးပေါ်ရှိ ကြမ်းတမ်းသော အပေါက်ငယ်အချို့အား မိတ်ကပ်ဖြင့်ဖုံးရင်း ကျွန်မကိုယ်ကျွန်မ ကြည့်အကောင်းဆုံး ပြင်ဆင်လိုက်သည်။ မှန်ထဲရှိ ကိုယ့်ပုံရိပ်အား သေချာစွာကြည့်ရင်း သည်လောက်ဆို အိုကေပဲဟုတွေးရ်ျ ဆိုင်ရှိရာဘက်သို့ ထွက်လာခဲ့လေသည်။
ဆိုင်သို့အရောက်တွင်…..


“ဟယ်…. တို့မာမီ သိပ်လှနေပါလား………”

“မာမီရယ် အရမ်းလှနေတယ်…သမီးတို့ကိုလည်း မာမီ့လို ပြင်တတ်ဆင်တတ်အောင် သင်ပေးရမယ်နော်….”
ကျွန်မတစ်ချက်ပဲပြုံးလိုက်တယ်… ကိုယ့်ရဲ့ Customer တွေရှေ့မှာ စပ်စလူးဖြစ်နေလို့မရဘူးလေ..။ ဒီလိုအခြေအနေရောက်အောင်လည်း ကိုယ်ကမနည်းရုန်းကန်ကြိုးစားလာရတာ..။ မာမီဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုရဖို့ ကျွန်မရဲ့ဘ၀တွေပေးဆပ်ခဲ့ရတာ ကျွန်မပဲသိသောကြောင့်ဖြစ်သည်။

*************************

“ကဲသမီးတို့ရေ…. Customer တွေကို သေချာဂရုစိုက်ပေးဦး….”

“မိလှိုင်…ငါ့ကို မနေ့က စာရင်းတွေလာရှင်းပ…”

“ဟုတ်ကဲ့ပါ မာမီ……”

          မိလှိုင် စာရင်းစာအုပ်လေးကိုင်ပြီး ကျွန်မနောက်ကိုလိုက်လာ၏။ ထိုကောင်မလေးက ကျွန်မရဲ့လူယုံဆိုလည်းမမှားချေ။ ငယ်ငယ်လေးကတည်းက ကျွန်မဆီရောက်လာပြီး ပညာသင်ယူနေခြင်းဖြစ်သည်။ အမှန် မိလှိုင်၏နာမည်အရင်းမှာ လှိုင်ထွန်းဖြစ်သည်။ ခေါ်နေကျဆိုတော့လည်း နှုတ်ကျိုးသွားခြင်းဖြစ်သည်။ ဒီလိုနေရာမျိုးမှာ ကိုလှိုင်ဟုခေါ်လျှင်လည်း အားလုံးရယ်ကြမည်ဖြစ်သောကြောင့် မိလှိုင်လို့ ခေါ်ခြင်းသည် အကောင်းဖြစ်မည်ဟု ကျွန်မထင်သည်။

“မိလှိုင် ညည်းဘာဖြစ်နေတာလဲ…မျက်နှာလည်းမကောင်းဘူး…”

“ဘာမှမဖြစ်ပါဘူး…မာမီရယ်….”
မျည်ရည်လေးစမ်းစမ်းဖြင့်ပြောသော မိလှိုင်ကိုကြည့်ရ်ျ ကျွန်မယောက်ျားစိတ်က နည်းနည်းထကြွလာမိသည်…။

“ပြောစမ်းပါအေ…ညည်းကလည်း အိုက်တင်ခံနေသေးတယ်…”

“ကွဲနေတာ မာမီရေ… ကွဲနေတာ….”

“ဘာတွေကွဲနေတာလဲအေ… ညည်းကလည်း ရှင်းရှင်းလင်းလင်းပြောပါ…”

“အသည်းကွဲနေတာ မာမီရဲ့…. ”

“ဖြစ်ရပြန်ပြီ…. ဒီအရွယ်မှာ ဒီလိုပဲ ဆင်ခြင်ပေါ့အေ… ညည်းတို့ကလည်း နောက်ဆုံးညည်းတို့ဆီက ချူသွားမှာပဲ…. ဒါပဲ …ကျုပ်သွားစရာရှိလို့ ဆိုင်ကိုသေချာကြည့်ထားလိုက်….”

ရုံးခန်းထဲကနေ ကျွန်မကြော့ကြော့လေး အပြင်ကိုလှမ်းလိုက်သည်…။

“သမီးတို့ရေ…..သေချာလုပ်ပေးလိုက်ကြနော်…. မာမီအပြင်သွားဦးမယ်….”

ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားသဖြင့် ကျွန်မ ရန်ကုန်မြို့ရဲ့ နာမည်ရ စားသောက်ဆိုင်တစ်ခုသို့ သွားရမည်။


***************************

          ကျွန်မရဲ့ကြိုးစားမှုရလာဒ်တွေကြောင့် ကျွန်မတွင်အတော်အသင့်ပြည့်စုံသော ဘ၀ကိုရောက်နေပြီ။ အိမ်ပိုင်း ၊ ကားပိုင်အပြင် မိသားစုကိုပါ လိုလေးသေးမရှိထောက်ပံနိုင်သည်။ မိတ်ကပ်လောကတွင် ဆန်းသစ်အောင် ဆိုသည့် နာမည်တစ်လုံးလည်းရလာသည်။ ယခုလိုအချိန်တွင် ကျွန်မလိုနေသည်က အချစ်ပင် သို့သော တစ်ဘ၀လုံး အစစ်နဲ့မတွေ့ရသော ကျွန်မသည် အချစ်ကိုရှာဖွေလိုစိတ်မရှိတော့ပေ..။

          “ဟဲ့… အဲဒါ… ဆန်းသစ်အောင်မဟုတ်လား…”

“ဟုတ်တယ် ဟုတ်တယ်… လှနေတာ မိန်းမနဲ့တောင်မှားရတယ်…”
          ပြောနေသောစကားများကို ကြားနေပေမယ့် စိတ်ထဲတွင်သာ ကျွန်မပြုံးနေလိုက်သည်။ ဆိုင်ထဲသို့ အ၀င်တွင်…….

“မြန်မြန်လာပါ ကောင်မရယ်… ညည်းကလည်း သည်မှာအကုန်လုံးစောင့်နေရတာ ဖော်ကင်တွေတောင် ညော်ကောင်းနေပြီ……”(ဖင်တွေညောင်းနေပြီလို့ ကျွန်မတို့ဘာသာစကားနဲ့ပြောလိုက်ခြင်းဖြစ်သည်)

“ကျုပ်သိပ်နောက်မကျပါဘူး ညည်းတို့ကလည်း ကဲကိုကဲလွန်းတယ်….”

          ပြောပြောဆိုဆိုနှင့် ကျွန်မ စိန်စိန် ဘက်သို့ကြည့်လိုက်သည်။ စိန်စိန်၏ ဘေးတွင် (၁၆)နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုတွေ့ရသည်…။ စိတ်ထဲတွင် သူလေးလည်း တို့လိုပဲထင်တယ်…ဟု တွေးမိလိုက်သည်…။

“မိစန် ညည်းဘေးက ဘယ်သူလဲ….”

မိစိန်က သတိရသောဟန်ဖြင့်….
“ဟယ်… လာရင်းကိစ်စကို မေ့နေတယ်.. ဒီလိုဟဲ့.. ညည်းကခု အဆင်ပြေနေတော့ သူ့ကို စောင့်ရှောက်ပေးလို့ရမလား.. ညည်းဆီမှာလည်း ၀ိုင်းကူလုပ် ပညာသင်ရင်းပေါ့…”

          ကောင်လေးပုံစံကြည့်ရသည်မှာ ရိုးရိုးအေးအေးပင်….။ အသားဖြူဖြူနှင့် ချောသည့်ရုပ်ရည်ထဲတွင် ပါဝင်လေသည်။ ကောင်လေးကိုကြည့်ရင်း ကျွန်မရင်ထဲ ဆစ်ကနဲ နာကျင်သွားသေးသည်။ မြင့်မြတ်သော ယောက်ျားဘ၀ကို နှစ်သက်ပေမယ့် ကံကိုက ပါလာသောအဖြစ်နှင့် ကျွန်မတို့ဘ၀ကိုဆက်လျှောက်နေရသည်။ နောက်ဖြစ်လာမည့် ကလေးများအား မည်သူမျှ ကျွန်မတို့လို မဖြစ်စေချင်ပါ။ ကျွန်မတစ်ချက် မျက်နှာကိုတင်းရ်ျ……

“ကောင်လေး…နင်ဒီအလုပ်ကို ၀ါသနာတကယ်ပါလို့လား….”

“ပါပါတယ်……..”

          ပုံစံကြည့်ရတာတော့ မဆိုးပေ…။

“နေပါဦး… သူကဘယ်ကလဲ မိစိန်…”

“ကျုပ်နဲ့ ဆွေမကင်း မျိုးမကင်းထဲကပဲလေ…အိမ်ကထွက်ပြေးလာလို့…. အိမ်မှာတူတူနေတဲ့ သူ့အစ်ကိုက သူ့ကို သည်ပုံစံမပြင်ရင်…. သတ်မယ်ဆိုတာနဲ့ ထွက်ပြေးလာတာ….”

“ဖြစ်မှဖြစ်ရလေ…ဒါဆိုလည်းကျုပ်ခေါ်သွားလိုက်မယ်…. ကြည့်ကြည့်တာပေါ့….”

***************************************

          ထိုကောင်လေးရောက်လာသည်မှာ….. တစ်လပင်ကျော်ခဲ့လေပြီ။ ကျွန်မနှင့်ဆိုလျှင် သမီးအငယ်ဆုံးဖြစ်သည်။ ဆိုင်ရှိ သူ့အဖော်များကလည်း ကူညီတော့ အဆင်တော်တော်လေးပြေနေ၏။ နာမည်က စိုင်းအောင်ဖြစ်သည်။ ကျွန်မသည် ထိုကောင်လေးအား မိစိုင်းဟုပင်ခေါ်သည်…။

          ညစဉ် ကျွန်မအခန်းထဲတွင် စာရင်းများအား ကွန်ပျူတာဖြင့် ပြုစုဖြစ်သည်။ ထိုအချိန်တွင် မိစိုင်းလည်း အနားတွင်အမြဲရှိသည်။ ကွန်ပျူတာရှေ့ ထိုင်ရတာညောင်းသည်နှင့် မိစိုင်းဘက်လှည့်ရ်ျ….

“မိစိုင်း နင်အဆင်ပြေရဲ့လား…”

“ပြေပါတယ် မာမီရဲ့… မာမီ့ကျေးဇူး ဘယ်တော့မှမမေ့ပါဘူး…”

“ရပါတယ်အေ…. ငါတို့ဘ၀တွေက ဒီလိုပါပဲ..”

“ငါတို့အချင်းချင်းမှ မကူညီရင် ဘယ်သူကူညီမလဲ…နင်ရည်စားတွေဘာတွေမထားနဲ့နော်…. ”

          ရည်းစားအကြောင်း ကျွန်မပြောလိုက်မှပဲ မိစိုင်းမျက်နှာဖွေးဖွေးပေါ်မှာ ပန်းရောင်သန်းသွားတာကို ကျွန်မတွေ့လိုက်ရသည်။

“မရှိပါဘူး…. မာမီရယ်…”

“အေးဟယ်…ဒါဆိုလဲ ပြီးတာပဲ….ကဲ…ငါလည်းအိပ်တော့မယ်… ညည်းလည်းအိပ်တော့….”

“ဟုတ်ကဲ့မာမီ…..”

          အိပ်ရာထဲတွင်လည်း ကျွန်မတော်တော်နှင့် အိပ်မပျော်ချေ။ လုပ်ငန်းအကြောင်းများ ၊ ၊မိသားစုအကြောင်းများ ၊ တပည့်အကြောင်းများ…. စဉ်းစားရင်းနှင့် သန်းခေါင်းကျော်ခဲ့သော ညတွေဠည်း များလှပြီ။

*************************************
          ဒီနေ့တော့အလုပ်ကိစ်စများ နည်းသည်နှင့် ဆိုင်တွင်ပဲနေမည်ဟု ကျွန်မစိတ်ကူးထားသည်။ ဘုရားရှိခိုး ၊ ဘုရားပန်းများကပ်ရ်ျ.. ဆိုင်အောက်သို့ ဆင်းချိန်တွင်….. မိစိုင်း ကောင်လေးတစ်ယောက်နှင့် ဆိုင်ရှေ့တွင် စကားပြောနေသည်ကို တွေ့လိုက်ရသည်….။ ကောင်လေး၏ ပုံစံမှာ တော်တော်ဆင်(ချော)၏။ ယခုခေတ် ဂျလေဘီလိုလို ခေတ်ဆန်သော ဒီဇိုင်းထဲက ဖြစ်သည်။ ဒီလိုမျိုးတွေလည်း ကျွန်မစိတ်မ၀င်စားတော့ချေ။ ငယ်တုန်းကတော့ ရူးခဲ့ဖူးသည်။ ခုတော့ စိတ်တွေကိုအားလုံးထိန်းထားရသည်။ တခါတရံ လွတ်ထွက်သွားချင်သေးသည်။

“မိစိုင်း……”

          အသံခပ်ဆတ်ဆတ်ဖြင့် ကျွန်မခေါ်လိုက်ပြီး….. စကားပြောနေသော ကောင်လေးအား ကျွန်မမျက်စောင်းတစ်ချက်ထိုးလိုက်သည်။ တော်တော်ဆိုသော ကောင်လေးဖြစ်သည်… ကျွန်မကို မျက်စိတ်တစ်ဖက်မှိတ်ပြသွားသေးသည်။ ခုခေတ် ခပ်ငယ်ငယ်ကောင်လေးများသည် ကြောက်ရမှန်းမသိချေ။ ကျွန်မစိတ်ထဲတွင် တော်တော်ဆိုးသော ကောင်းလေးဟု မှတ်လိုက်သည်။

“ဘာလုပ်နေတာလဲ….”

“စကားနည်းနည်းပြောနေတာပါ မာမီရဲ့…”

“နင် အဲသည်ကောင်ကို ဖွာ(ကြိုက်)နေတာလား……..”

“အဲလိုလည်းမဟုတ်ပါဘူး မာမီရယ်….”

“ညည်းငါ့ကို လိမ်လို့မရပါဘူးအေ… ညည်းထက် ထမင်းအရင်စားလာတဲ့သူပါ…. အေးကြိုက်ရင်လည်းကြိုက်ပေါ့ ဒါပေမယ့် သတိလေးတော့ရှိပေါ့အေ….”

“ဟုတ်ကဲ့ပါ မာမီ….”

          ပြုံးစိစိဖြင့် မိစိုင်းလှည့်ထွက်သွားသည်ကိုကြည့်ပြီူး ကျွန်မ သက်ပြင်းတစ်ချက်ချမိသည်။ ကိုယ့်လိုမျိုး သူတို့အားမခံစားစေချင်…. ငယ်တုန်းတော့ ရူးမိကြမှာအမှန်ပင်။ ကျွန်မတုန်းကလည်း ရူးခဲ့ဖူးပါသည်။

*********************************

          ခုတလော မိစိုင်းနှင့်ထိုကောင်လေးအား ဆိုင်ရှေ့တွင် ခဏခဏတွေ့ဖြစ်သည်။ မိစိုင်းဘာတွေ လုပ်နေသည်ကို ကျွန်မမေးမြန်းမိသေးချေ….။ မိစိုင်းနှင့်ပြောနေသည်အား ကျွန်မကြည့်နေသောအခါ ထိုကောင်လေးသည် ကျွန်မအားတစ်ချက်ကြည့်ရ်ျ မိစိုင်းအားနှုတ်ဆက်ကာ ထွက်သွားလေသည်။

          ညဘက်ဘုရားရှိခိုးပြီး… မိစိုင်းဘက်သို့ ကျွန်မကြည့်လိုက်သောအခါတွင်ပြုံးစိစိဖြစ်နေသော မိစိုင်းကို တွေ့ရ၏။

“ဟဲ….မိစိုင်း ညည်းဘာတွေကြည့်နူးနေတာလဲ…..”

“မဟုတ်ပါဘူး မာမီရဲ့….”

“ဘာလဲ…ညည်းဟိုကောင်ကို တကယ်စွဲလန်းနေပြီလား…”

          ကျွန်မလိုချင်သောအခြေမရမယ်မှန်းသိလျက် မေးနေခြင်းကို ကျွန်မရူးမိုက်နေမှန်းသိသည်။ သို့သော် ကျွန်မကြားလိုက်ရသော မိစိုင်းဆီက အဖြေသည်………….
“သူက…အစိုင်းကို သိပ်ချစ်တာ မာမီရဲ့….”

“ဟင်…. ဘယ်လိုဖြစ်တာလဲ…သူက ညည်းကို သိပ်ချစ်တယ်.. ဟုတ်ရဲ့လားအေ…”

“သူကိုယ်တိုင် ပါးစပ်ကပြောတာလေ…မာမီကလည်း…..”

“ညည်း….သူ့ကို ဘာတွေပေးထားကျွေးထားသေးလည်း….”

“နည်းနည်းပါ မာမီရယ်…..”

“အေး အေးးးးးး ညည်းကြည့်ကျက်လုပ်နော်… နောက်မှ လာငိုမပြနဲ့ ဒါပဲ….”

          ပြုံးတုံ့တုံ့ဖြင့်ထွက်သွားသော မိစိုင်းအားကြည့်ရင်း…… ကျွန်မရင်ဘတ်တစ်ခုလုံး စူးနစ်နစ်တစ်ခု ဖြစ်သွားသည်………။

*****************************
          ကျွန်မဆိုင်ကို ရောက်စကတည်းက မိစိုင်းပျော်နေသည်ကိုတွေ့ရျိ ကျွန်မစိတ်ချမ်းသာရသည်။ မိစိုင်းမှမဟုတ် အားလုံးကို စိတ်ချမ်းသာစေချင်သည်။ လတ်တလော တော်တော်များများတွင် မိစိုင်းနှင့် ထိုကောင်းလေ တတွဲတွဲနှင့် ကျွန်မတွေ့နေရသည်…။ ကျွန်မမလိုချင်သော အဖြစ်အပျက်များ ရောက်မလာပါစေနဲ့ ဟုပင် ဆုတောင်းနေရသည်…။

          “မာမီရေ……… မာမီရေ….. လုပ်ပါဦး……….”
          ဆူညံပွက်လောက်ရိုက်နေသော အခန်းအပြင်က အသံများကြောင့် ကျွန်မအိပ်နေရာမှ လန့်နိုးလာခဲ့သည်။

“ဟဲ့….ညည်းတို့ကလည်း ဆူညံနေတာပဲ ဘာတွေဖြစ်နေကြတာလဲ…”

“အစိုင်း…အစိုင်း ဘာဖြစ်နေပြီလဲမသိဘူး……”

“ဟေ……”

          အစိုင်း၏ အခန်းထဲတွင် ပက်လက်လန်ရ်ျ မေ့မျောနေလသည်…။ အစိုင်း၏ဘေးတွင် အိပ်ဆေးဗူးအလွတ်တစ်ခုမှာ ပွင့်လျက်သား…………..

          ဆေးရုံကုတင်ဘေးတွင် ထိုင်နေရင်းသတိမရသေးသော အစိုင်းအား ကျွန်မကြည့်မိသည်။ အစိုင်းဖြစ်ပုံကို သူမပြောပြဘဲ ကျွန်မသိနှင့်နေလေပြီ….။ အစိုင်းသတိရလာသောအခါ…

“မာမီ….အစိုင်းလေ…အစိုင်း….”

“မပြောပါနဲ့တော့ ကောင်မရယ်…ညည်းဖာသာ နေကောင်းအောင်နေပါ….ညည်းအကောင်က ခုဆိုလစ်ပြေးပြီ… ညည်းမှာလည်းကုန်ပြီမဟုတ်လား…”

          ထိန်းထားသည့်ကြားမှ ပါးစပ်ကထွက်သွားသေသည်…။ အစိုင်းကိုကြည့်လိုက်တော့လည်း…. ဖြူသောမျက်နှာမှာ ဖြူဆုတ်ဖြူလျော်နှင့် မျက်ရည်များကျနေသည်….။ မငိုနဲ့ဟုထိန်းထားလည်း ကျွန်မလည်း မျက်ရည်များကျမိသည်…..။

       
   အစိုင်းရေ….ဘ၀မှာ လူတိုင်းက လိုချင်တဲ့ဘ၀တွေရနေကြတာမဟုတ်ဘူးအေ့…ညည်းသိလား…။ ညည်းလိုအဖြစ်မျိုးက ကျုပ်တို့လည်း ကြုံဖူးခဲ့ပြီးပြီ မဖြစ်လာအောင်လည်းတားလို့မှမရတာ…။ ကျုပ်တို့လည်း လူပဲ ခံစားချက်ရှိတာပဲအေ….။ လူတော်တော်များများက ကျုပ်တို့လို လူစားမျိုးဆိုရင် ရီစရာလိုလို ရွှံစရာလိုလို ဖြစ်နေကြတာ….။ ဒီလိုဘ၀ကြီးမျိုးထဲမှာ လူတောတိုးအောင် ရပ်တည်နိုင်ဖို့ ညည်းလည်းကြိုးစားရမယ်… ကျုပ်တို့လိုလူစားမျိုးဆီက ချူစား ကပ်စားတတ်တဲ့ ယောက်ျားတစ်ယောက်ကြောင့်တော့ ညည်းအသက်မပေးလိုက်ပါနဲ့အေ….။

          နှုတ်မှ ထွက်ကျချင်သောစကားများကို ကျွန်မလည်မျိုအ၀တွင်ပဲ တံတွေးနှင့်မြိုသိပ်လိုက်သည်။ အစိုင်းအား လိုအပ်တာပြုစုပေးရန်တပည့်တစ်ယောက်အား ထားခဲ့သည်။ ကျွန်မအလုပ်များအား လွှတ်ထားလို့မဖြစ်ရ်ျ ကျွန်မဆေးရုံမှထွက်ခဲ့၏။

          ဘ၀တွေ ဘ၀တွေထဲမှ ကျွန်မတို့ဘ၀များသည် လူရီစရာများဖြစ်ခဲ့လျှင်………….။ ရှေ့ဘ၀ကုသိုလ်ကံကြောင့် ယခုဘ၀တွင် ခံစားရသည်ဆိုလျှင် ယခုဘ၀နှင့်သာ ကြေပါစေတော့ဟု ကျွန်မဆုတောင်းနေမိ၏။ လူအများကြားတွင် ကြားရောက်နေသော ကျွန်မတို့သည်…… လူများတွေ့လျှင် နောက်ပြောင်တတ်သော ကျွန်မတို့သည်…. လူအများအထင်သေးသော ကျွန်မတို့သည်… တကယ်တမ်းဆိုလျှင် ကျွန်မတို့သည်လည်း လူသားတစ်ဦးပင်ဖြစ်ပါသည်……။ ထို့ကြောင့် ကံကိုတော့ ယိုးမယ်မဖွဲ့ချင်တော့ပါ………… မည်သို့ပင်ဆိုစေ ကျွန်မသည် လူသားတစ်ဦးဖြစ်သောကြောင့်ပင်…..ဖြစ်သည်….။

ကြိုးစားပါဦးမည်။
အောင်မိုးသူ

1 comment:

  1. အားပေးသွားတယ်နော်.........

    အစဉ်အမြဲအားပေးလျက်..............

    မဂျက်......

    ReplyDelete