Tuesday, November 27, 2012

အရောင်ပြောင်းမယ့်အချိန်



ကြမ်းရှရှ အေးမြမြနဲ့
ရင်ခွင်မှာလမသာခဲ့ဘူး
ညင်သာစွာ တိုးတိတ်တိတ်နဲ့
အရောင်မစုံတော့တဲ့ ညနေခင်းတွေ
တိမ်တွေမှာ အရုပ်ရေးထားမယ်
မင်းလာရင် ကြိုလင့်ရအောင်။

အဖျားခတ်တုန်ခါမှုတွေက
ရင်ခွင်ကိုဗြောင်းဆန်စေတာ မင်းသိမလား
မင်းဘက်က အတောင်တစ်ချက်ခတ်ရုံ
ငါ့ဘက်မှာက မုန်တိုင်းထန်နေတယ်
တိမ်တွေအရောင်မပြောင်းသေးဘူး။


နောက်ဆုံးမှ ထွက်ကျလာတာ
Just a kidding
နောက်မဆုတ်ဖြစ်တဲ့ ခြေတစ်လှမ်းက
ရှေ့လည်းဆက်မတိုးနိုင်
စကားတစ်ခွန်းနဲ့တင်
တိမ်တွေပေါ်က အရုပ်လေးတွေမရှိတော့ဘူး။

ဝေေ၀၀ါးတဲ့ ဘ၀မှာ
ခပ်ထန်ထန်နဲ့ဖြတ်သန်းသွားတဲ့
ဘာသာစကားတစ်ခုက
တိမ်တွေကိုအရောင်ပြောင်းပစ်တယ်

လက်မခံနိုင်တဲ့ သီအိုရီတစ်ခုကို
အရှုံးပေးလိုက်ရတယ်
တိမ်တွေအရောင်ပြောင်းတဲ့နေအထိ
ဆက်စောင့်နေမယ်။

ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ
အရုပ်ရေးချင်တယ်.................။

********************

အောင်မိုးသူ
နိုဝင်ဘာ ၂၈ရက် ၂၀၁၂ခုနှစ်
နေ့လည် ၁၂နာရီ ၁၉မိနစ်

4 comments:

  1. ကိုအောင့်ရဲ့ ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ
    အရုပ်ရေးချင်တဲ့...ဆန္ဒလေးပြည့်ဝပါစေ...
    မိုးနတ်ဆုတောင်းပေးပါတယ်....
    ကဗျာလေးကောင်းတယ်နော်...နှစ်သက်မိတယ်ရှင်..
    ခင်တဲ့.....မိုးနတ်

    ReplyDelete
  2. ၀တ္ထုလားလို့ လာဖတ် ။ ကဗျာဖြစ်နေ

    ReplyDelete
  3. ၀တ္တုရေးနေတယ်မပြီးသေးလို့... လာဖတ်တာ ကျေးဇူးတင်

    ReplyDelete
  4. တစ်ခုခုကိုများပြောသလားလို့ ထင်မိ (တိမ်တွေ အရောင်မပြောင်းသေးဘူး ဆိုတော့ မိုက်စ်)

    ReplyDelete